Terms and Conditions
တော်ဝင်အမြန်ချောပို့မှ ချောစာ/ပစ္စည်း ပေးပို့သူများ လိုက်နာရန် အချက်များ
- (၁) ပေးပို့လိုသည့် လိပ်စာတွင် လက်ခံမည့်သူ မရှိခြင်း၊ ပြောင်းရွှေ့ခြင်း၊ လိပ်စာ မပြည့်စုံခြင်း၊ လိပ်စာမှားယွင်းခြင်းများကြောင့်ပေးပို့နိုင်ခြင်း မရှိပါက ချောစာ/ပစ္စည်း ပို့ခငွေ နှင့် အာမခံဝန်ဆောင်မှု ငွေအား ပြန်အမ်းမည်မဟုတ်ပါ။
- (၂) စာရင်းသွင်းပြီးသော ချောစာ၊ ပစ္စည်းများအား ငွေပြန်မအမ်းပါ။
- (၃) အမည်မတူ၊ ရာထူး မတူသော စာများ၊ တင်ဒါနံပါတ် မတူသော စာများအား စာတစ်အိတ်ထဲအတွင်း ထည့်သွင်းခွင့်မပြုပါ။
- (၄) ပေးပို့သည့် စာများ၊ ပစ္စည်းများ အတွက် စာရင်းသွင်းထားသော စာစောင်၊ ပစ္စည်း အရေအတွက်ပေါ်တွင် ဝန်ဆောင်ခ နှုန်းတောင်းခံပါမည်။
- (၅) ကျိုးပဲ့၊ ကွဲရှ၊ ပျက်စီးနိုင်သော ပစ္စည်းများ၏ ထုတ်ပိုးမှုကို ပေးပို့ သူမှ တာဝန်ယူရပါမည်။ ကျိုးပဲ့၊ ကွဲရှ၊ ပျက်စီးသော ပစ္စည်းများနှင့် ပေးပို့ရန်တားမြစ်ထားသော ပစ္စည်းများအပေါ် Royal Express Services မှ တာဝန်ယူမည်မဟုတ်ပါ။
- (၆) စွန်းထင်းနိုင်သော ၊ ပေကျံနိုင်သော ၊ အနံ့ပြင်းသော ပစ္စည်းများကို ပေးပို့ပါက ပစ္စည်းအပ်နှံစဉ်တွင် ကြိုတင်အသိပေးရပါမည် ။
- (၇) ပေးပို့သည့် ချောစာ၊ ပစ္စည်းများနှင့်ပတ်သက်၍ ဖြစ်ပေါ်လာမည့်ကိစ္စအားလုံးကို ပေးပို့သူမှ အပြည့်အဝ တာဝန်ရှိပြီး၊ အလုံးစုံတာဝန်ယူရပါမည်။
- (၈) ချောစာ၊ ပစ္စည်းများအား Royal Express အနေဖြင့် လိုအပ်ပါက လုံခြုံရေးအရ ဖွင့်ဖောက် စစ်ဆေးခြင်းကို ခွင့်ပြုရပါမည်။
- (၉) စာထုပ်၊ ချောစာထုပ် များ ပျက်စီး၊ ပျောက်ဆုံးမှုများအတွက် အများဆုံး လျော်ကြေးငွေသတ်မှတ်ချက်မှာ ကျပ်ငွေနှစ်သိန်းခွဲ(၂၅ဝဝဝဝိ/-)(စာချုပ်ချုပ်ထားသော Customer များမှာ စာချုပ်တွင် သတ်မှတ်ထားသော လျော်ကြေးအတိုင်းသာဖြစ်ပါသည်) ဖြစ်သည်။
- (၁၀) စာထုပ်၊ ချောစာထုပ်များ၏ မူလတန်ဖိုးမှာ ငွေကျပ်နှစ်သိန်းခွဲထက် (စာချုပ်ချုပ်ထားသော Customer များမှာ စာချုပ်တွင် သတ်မှတ်ထားသော လျော်ကြေးထက်) လျော့နည်းနေပါက မူလ တန်ဖိုးအတိုင်း ပေးလျော်ပါမည်။ လျော်ကြေးငွေတောင်းခံသောအခါ မှတ်ပုံတင်ထားသော စာရင်းသွင်းထားသော ချောစာ/ပစ္စည်း များ၏မူရင်းလက်ခံပြေစာအား တင်ပြနိုင်ရမည်။
- (၁၁) စာထုပ်၊ ချောစာထုပ်များ အတွက် လျော်ကြေးငွေအားမူရင်းလက်ခံပြေစာနှင့်အတူ သတ်မှတ်ကာလ(၁) လအတွင်း လာရောက်တောင်းခံနိုင်ပါသည်။ သတ်မှတ်ကာလ (၁) လထက်ကျော်လွန်ပါက လျော်ကြေးငွေအား ပြန်မအမ်းပါ။
ခွင့်မပြုသော ပစ္စည်းများ
- ဥပဒေအရ မလွတ်ကင်းသောစာ၊ ပစ္စည်းများ ၊ မီးလောင်လွယ်စေသော ပစ္စည်းများ၊ ပေါက်ကွဲစေနိုင်သော ပစ္စည်းများ ၊ လက်နက်များ၊ ငွေစက္ကူများ၊ ငွေကဲ့သို့တန်ဖိုးရှိသောပစ္စည်းများ၊ ပေါက်မဲ ထီလက်မှတ်များ၊ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာများ၊ ပျက်စီးလွယ်သော ပစ္စည်းများအား ပေးပို့ခြင်းကို ခွင့်မပြုပါ။
Royal Express's Terms & Conditions for the Customer
- (1) There will be no refund and guarantee service fees, if the sender stated address have no contactable person to accept the delivery or changing of the location, incorrect address and incomplete address.
- (2) There will be no refund for the recorded letters or parcels.
- (3) Different name, different designation or different tender number documents are not allowed to put in one envelope.
- (4) Service fees are based on the number of recorded or registered letters or parcels that sender is going to send.
- (5) The sender has liability for the fragile items packaging. Royal Express is not responsible for the damage of those fragile items and unacceptable shipments.
- (6) The sender must declare for the item that is easy to stain or item that is strong in smell before the consignor sends.
- (7) The sender has totally obligation for the letter or parcel in case of ownership disputes or legal issues.
- (8) Royal Express has right to open the parcel or letter in case of security purposes.
- (9) Royal Express is liable to refund maximum amount of 250,000 Kyats for the package loss or damage.
- (10) If the package’s original price is less than 250,000 Kyats, Royal Express will refund the full amount. Royal Express's responsibilities and guarantee service fees cover for the registered letters, parcels, original waybill or cargo receive submitted by sender.
- (11) All the claims for the loss and damage must be submitted or reported to Royal Express within a month with the original waybill or cargo receipt. Royal Express is not liable for the claim if the claim is more than a month.
Unacceptable Shipment
- It is unacceptable shipment such as illegal items, dangerous, explosives or flammable goods, weapons, and ammunition.
- It is not permitted if the shipment encloses illegal documents or parcels, weaponry or flammable items, money, valuable items, lottery ticket and damageable items.